"ထားဝယ် အထူး စီးပွားရေးဇုန် ၂ လမ်းသွား ကားလမ်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြည်သူလူထုနှင့် တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲ"
၁။ ထား၀ယ် အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်၂ လမ်း သွားကားလမ်း အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းကို ယခုအခါ မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဘက်မှ NEDA (အိမ်နီးချင်း တိုင်းပြည်များ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ) တို့ ပူးပေါင်းပြီး ကွင်းဆင်း လေ့လာ ဆောင်ရွက်လျက် ရှိပါသည်။
၂။ အဆိုပါ အဆင့်မြှင့်တင် ဖောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံ ဆွေးနွေးရှင်းလင်းပွဲ ပထမအကြိမ် အဖြစ် ထား၀ယ် အထူး စီးပွားရေးဇုန်တွင် (၂၇-၅-၂၀၁၉) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၃။ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားသို့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ ပြည်နယ် အစိုးရ အဖွဲ့များ၊ ဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် အစိုးရ ဌာနများ၊ အခြားသော အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် နဘုလယ်၊ ဆင်ဖြူတိုင်၊ မူဒူး၊ အမြား၊ တလိုင်းယာ၊ ခမောင်းချောင်း၊ ရေဘုတ်၊ ပရဒတ်၊ ကတောင်းနီ၊ ရလိုင်၊ ထီးခီး၊ ထိန်ကြီး၊ ကလုံးထာ၊ ဒေါက်လောက်၊ တောင်သုံးလုံး၊ ပိတောက်ကုန်း၊ ပုဇွန်းဂေါ မှ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ နှင့် ဒေသခံ ကျေးရွာပြည်သူများ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
၄။ ယခုအခါ ဒုတိယအကြိမ် ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံ ဆွေးနွေးပွဲအား (၂၉-၈-၂၀၁၉) ရက်နေ့တွင် ထား၀ယ် အထူး စီးပွားရေးဇုန် OSSC ရုံးတွင် နံနက် (၉) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုသော Media များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများ အနေဖြင့် NEDA Contact person Dr. Onramon Shuaytong, Chompotjananan (Email: onramonc@neda.orth) သို့ဖြစ်စေ၊ ထား၀ယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးများ နေပြည်တော် (ဖုန်း - ၀၆၇-၃၄၁၀၂၅၇)၊ (Email: ho-npt@daweisezmc.com)၊ ရန်ကုန် (ဖုန်း - ၀၉ ၈၉၆၀၈၈၇၉၀)၊ (email: pmo-ygn@daweisezmc.com)၊ ထား၀ယ် (ဖုန်း - ၀၉-၅၂၀၃၂၄၅)၊ (Email: ossc@daweisezmc.com)၊ သို့ဖြစ်စေ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
